Review of Mingalar Cinema

Review for:
Mingalar Cinema

1.0
ပြည်မြို့ရှိ #MingalarTunThiri ရုံရှိ မန်နေဂျာ ဦးကျော်ဝင်း၏တာဝန်မယူမှုနှင့် ရုံးဝန်ထမ်းများ၏ ရုပ်ရှင်ကြည့် customer များအပေါ် မထီမဲ့မြင် ဆက်ဆံမှုအား #Mingalar ရုပ်ရှင်ရုံရုံးချုပ်မှသိစေရန်။

ပြည်မြို့ရှိ #MingalarTunThiri ရုံ တွင်ရုပ်ရှင်လက်မှတ် 1800 တန် ၈ဆောင် ကျပ် ******** ဖိုးဝယ်ယူပြီးလူကြီး ၃ယောက်နှင့်အတူ ကလေး ၅ယောက်နှင့် ၄နှစ်အရွယ်ကလေးငယ် တယောက် ၃'၃" လက်မ အရပ်ရှိ ကလေးငယ်တဦးတို့ ညနေ6 နာရီပွဲ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားကြည့်ရန်သွားရောက်ခဲ့ပါသည်။ လက်မှတ်စစ်ရာတွေလက်မှတ်များဖြတ်ပြီးကာမှ လက်မှတ် စစ်သူမှ ၃ပေကျော်လျှင်လက်မှတ်ဝယ်ရန်ပြောကြားခဲ့ပါသည်။နဲနဲလေးပဲကျော်တာပါတခြားလက်မှတ်တဆောင်ဝယ်လျှင်နေရာမတူမှာစိုး၍ဝင်ခွင့်ပေးပါရန် ခွင့်တောင်းခဲ့ပါသည်။ သူတို့ပြောလို့မရဘူး မန်နေဂျာ နှင့် ပြောရန်ပြောပါသဖြင့် မန်နေဂျာနှင့်တွေ့ခွင့်တောင်းခဲ့ပါသည်။ မန်နေဂျာမရှိသဖြင့် ခဏစောင့်ခဲ့ရပါသည်။ မန်နေဂျာရောက်လာပြီး မန်နေဂျာအားခွင့်ပြုပေးရန်ပြောရာ "သူနှင့်မပြီးဘူး အထက်ရန်ကုန်ရုံးကိုပြော" ဟုရင့်သီးစွာပြောခဲ့တယ်။ ရုပ်ရှင်ကလဲ ကြည့်ဖို့နောက်ကျနေပါသဖြင့် ခွင့်တောင်းတာပါ ကူညီပါဟုပြောပါသည်။ ထိုအခါ မန်နေဂျာက သူ့မှာတာဝန်မရှိဘူး ရုံးချုပ်ကိုပြောဟုပြောပြန်သည်။ ဒေါသထွက်လာသဖြင့် ဖုန်းနံပါတ်ပေးပါဟု ပြောရာ သူဖုန်းနံပါတ်မသိဘူး သိချင်ရင်စုံစမ်းပါဟု တာဝန်မဲ့စကားထက်ပြောပါတယ်။ ထိုအခါ တယောက်ပြန်မယ် ကျန် ၈ယောက်နောက်ကျနေပြီဝင်မယ်ဟု ပြုစဉ် ရုံစောင့်ဝန်ထမ်း (မ) တဦးမှ ရုံဝင်တခါးကို ဆောင့်ပိတ်ပြီး security ယောက်ျား ၂ ဦး နှင့် မန်နေဂျာ ဦးကျော်ဝင်းဆိုသူ တာဝန်မယူနိုင်ဘူးဟုဆိုသူမှ အသက် ၅၁ နှစ်အရွယ် မိန်းမ ၁ဦးနှစ် ၃နှစ်အရွယ်ကလေးအား စောင့်တွန်းထုတ်ပါသည်။ နောက်ဆုံး ရဲစခန်းတွင်အမှုဖွင့်ရန်သွားကာမှရဲစခန်းသို့ရပ်ကွက်လူကြီး လိုက်လာပြီး လက်မှတ်ဖိုးပြန်ပေးခဲ့ပါသည်။ အမှုပြီးသွားသည်အထိ တာဝန်မယူတတ်သူ ရုံမန်နေဂျာဦးကျော်ဝင်းနှင့် ရုံဝန်ထမ်း ၃ဦး တာဝန်အရတောင်းပန်ခြင်းပြုလုပ်ရန်ပေါ်မလာခဲ့ပါ။ အပတ်တိုင်း ရုပ်ရှင်ကားတိုင်းအား အစဉ်အမြဲကြည့်ရှုအားပေးခဲ့သော customer များအနေဖြင့် #MingalarTunThiri ရုံ ပြည်မြို့အား စိတ်ပျက်သွားတာတော့အမှန်ပါပဲရှင်။

#ByeByeMingalarTunThiri ပြည်မြို့



Reply to Review

Sign-in Required

Please sign-in or register in order to reply to this review.

Sign inRegister
BACK TO TOP